Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

“ပေါက်တောမြို့နယ် တောင်ပုတ်ကေကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေ (နဝမ) အကြိမ် ငွေထုတ်ချေး”

03 October 23

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသနေပြည်သူများ လူမှုစီပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက် လျက်ရှိသည့် မြစိမ်ရောင်စီမံကိန်းအရင်းမပျောက်မတည်ရန်ပုံငွေဝင် ကျေးရွာဖြစ်သည့် တောင်ပုတ်ကေကျေးရွာမှ ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ မြစိမ်းရောင် ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းဆောင်ရွက်ရခြင်း၏  အကျိုးကျေးဇူးများနှင့် လုပ်ငန်းစဉ်များကို မြို့နယ်ဦးစီးမှူးမှ ရှင်းလင်းပြောကြားပြီး ယနေ့ နေ့ချင်းဆပ် ထုတ်ချေးသည့် စနစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

တောင်ပုတ်ကေကျေးရွာ မြစိမ်းရောင်ရန်ပုံငွေစီမံကိန်း(နဝမ)အကြိမ်မြောက် ထုတ်ချေးရာ တွင် စိုက်ပျိုးရေး ( ၄၃ ) ဦးအား ရန်ပုံငွေ (၆၉၀၀၀၀ဝ/-)၊မွေးမြူရေး( ၂၀ ) ဦးအား ရန်ပုံငွေ (၉၀၀၀၀၀ဝ/-)၊ ရေလုပ်ငန်း( ၂၇ )ဦးအား ရန်ပုံငွေ(၁၃၂၀၀၀၀ဝ/-)၊ အရောင်းအဝယ်( ၄၆ )ဦးအား ရန်ပုံငွေ (၁၂၉၀၀၀၀ဝ/-)၊ အသင်းသူ/အသင်းသား စုစုပေါင်း(၁၃၆)ဦးအတွက် ရန်ပုံငွေစုစုပေါင်း ကျပ်(၄၂၀၀၀၀၀ဝ/-)အား ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့မှ မြို့နယ်မြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့သို့ လည်းကောင်း၊ မြို့နယ်မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ မှ ကျေးရွာမြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့သို့ ယနေ့ နေ့ချင်းထုတ်ပေးသည့်စနစ်ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။