ပြင်ဦးလွင်မြို့ လက်ပံကုန်း(မ)ကျေးရွာတွင် (VDP)ရန်ပုံငွေဖြင့် ကျေးရွာတွင်း အုတ်ခုံခံသံဘောင်ယက္မကွန်ကရစ်ကြမ်းခင်းတံတား တည်ဆောက်ခြင်းအား ကွင်းဆင်းခြင်း
ပြင်ဦးလွင်
ပြင်ဦးလွင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇေယျာညို၊ ပြင်ဦးလွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထိုက်၊ ခရိုင်နှင့် မြို့နယ်ရှိ တာဝန်ခံအင်ဂျင်နီယာများမှ ပြင်ဦးလွင်မြို့နယ် ကျွဲနွားထောက်ကျေးရွာအုပ်စု၊ လက်ပံကုန်း(မ) ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ကျေးရွာတွင်း အုတ်ခုံခံသံဘောင် ယက္မ ကွန်ကရစ်ကြမ်းခင်းတံတား တည်ဆောက်ခြင်းအား ယနေ့နံနက်ပိုင်းအချိန်က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) ရန်ပုံငွေဖြင့် ကျွဲနွား ထောက်ကျေးရွာအုပ်စု၊ လက်ပံကုန်း(မ)ကျေးရွာတွင် စီမံကိန်းထောက်ပံ့ငွေ(၁၅)သန်း၊ ပြည်သူ့ ထည့်ဝင်ငွေ(၁၆.၅)သန်းဖြင့် ကျေးရွာတွင်း အုတ်ခုံခံသံဘောင်ယက္မကွန်ကရစ်ကြမ်းခင်းတံတား တည်ဆောက်ခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့၍ ခရိုင်ဦးစီးမှူး ဦးဇေယျာညိုမှ လုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး သတ်မှတ်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။