Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ခရမ်းမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် လုပ်ငန်းများဆောင်ရွက်ထားရှိမှုကွင်းဆင်း

02 October 23

ရန်ကုန်တိုင်းဒေသကြီး     ခရမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော်     ဆောင်ရွက်ခဲ့သည့်   မြစိမ်းရောင်စီမံကိန်းကျေးရွာ ဖြစ်သည့် ကရင်စုကျေးရွာအုပ်စု ထိန်ပင်ကွင်းကျေးရွာသို့  ခရမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဒေါ်ထားထားနိုင်နှင့်အဖွဲ့က စက်တင်ဘာ၂၆ရက်  မွန်းလွဲ၁နာရီတွင် ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးရာတွင်    မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့်   ကျေးရွာနေပြည်သူများ    စိုက်ပျိုးရေး၊ မွေးမြူရေး၊     ကုန်ထုတ်လုပ်ရေးနှင့် အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ     လုပ်ကိုင်အောင်မြင် ဖြစ်ထွန်းနေမှုများကို  ကြည့်ရှုစစ်ဆေးရာ  စီမံကိန်းတာဝန်ခံက  လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်း လင်း တင်ပြခဲ့ကြောင်းသိရသည်။

ထို့ပြင် မြို့နယ်ကျေးလက်ဦးစီးမှူးနှင့်   အဖွဲ့သည် ထိန်ပင်ကွင်းကျေးရွာ    မြစိမ်းရောင်စီမံခန့်ခွဲမှု လုပ်ငန်းအဖွဲဝင်များနှင့်     တွေ့ဆုံကာ စီမံကိန်းရေရှည်တည်တံ့ရေး    ဝိုင်းကူညီဆောင်ရွက်ကြရန် ပြော ကြားခဲ့ပြီး  မြစိမ်းရောင်စာရင်းဇယားများ  စနစ်တကျမှန်ကန်ပြည့်စုံစွာ     ရေးသွင်းဖြည့်စွက်ဆောင်ရွက် ထားခြင်းရှိ၊ မရှိကိုစစ်ဆေးခဲ့ကြောင်းသိရသည်။