Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဟိုပုံးမြို့နယ်၊‌ လွယ်အွန့်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများ (ဆဌမ) အကြိမ် ထုတ်ချေး

20 September 23

ဟိုပုံးမြို့နယ်၊‌ လွယ်အွန့်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများ (ဆဌမ) အကြိမ် ထုတ်ချေး

===============================================================================
ဟိုပုံး စက်တင်ဘာလ ၂၀ ရက်
=======================
 
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌‌ဒေသ ၊ဟိုပုံးမြို့နယ်ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်၊ တစ်နိူင် တစ်ပိုင် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများတိုးချဲလုပ်ကိုင်နိုင်ရန်ရည်ရွယ်၍ မြစိမ်းရောင် ကျေးရွာ စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများဆဌမ အကြိမ်မြောက် ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိ သူများမှ လွယ်အွန့် ကျေးရွာအုပ်စု ၊ လွယ်အွန့်ကျေးရွာ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
 
ပထမဦးစွာ ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့် က လွယ်အွန့်ကျေးရွာရှိ ရပ်မိရပ်ဖများ၊ မြစိမ်းရောင်‌ ကျေးရွာ စီမံကိန်း အသင်းသူ/သားများနှင့် တွေ့ဆုံကာ လည်ပတ်ရန်ပုံငွေများ ထုတ်ချေးရခြင်း၏ ရည်ရွယ်ချက်များ နှင့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားခဲ့သည်။
 
ဆက်လက်၍ စီမံကိန်း တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်လှယမင်းဌေး နှင့် ဝန်ထမ်းများက စီမံကိန်းအကြောင်းအရာများ၊ အတိုးနူန်း နှင့်ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေး ရာတွင်လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များ ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာမြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များ ထံသို့ အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်( ၄၇၅)သိန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။
 
ထိုနောက် မြို့နယ်ဦးစီးမှူး နှင့်မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက လွယ်အွန့်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း၊‌ မွေးမြူရေးလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်း အသင်းသူ/သား (၄၆)ဦး ကို အရင်း မပျောက်လည်ပတ်ရန်ပုံငွေ ကျပ်(၄၇၅)သိန်းအား အသင်းသူ/သားများ၏ တစ်ဦးခြင်း လက်ဝယ်အရောက် အတိုးနူန်းသက်သာစွာဖြင့် အသီးသီးထုတ်ချေးပေးခဲ့ကြောင်း ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး စိုးလွင်မြင့် ထံမှ သိရသည်။
 
 
 
 
                                                                                                                                                                                                                                 မောင်ခိုင်
                                                                                                                                                                                                                           ရှမ်းတောင်ကျေးလက်