ကွန်ဟိန်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမားသင်တန်း ဆင်းပဲ ကျင်းပ
=============================================================================
ကွန်ဟိန်း အောက်တိုဘာလ ၁ ရက်
============================
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ ဝင်ငွေ တိုး လုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်လာစေရန် နှင့် လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရန် ၊ ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အသက် မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား သင်တန်း ဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၃၀ရက်နေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာန၌ ကျင်းပသည်။
ရှေးဦးစွာ နမ့်စန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခွန်မြင့်သောင်းက အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဟိန်းက သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချပေးခဲ့သည့် အသိပညာ၊အတတ် ပညာများကို စဉ်ဆက် မပြတ်ဆက်လက်လေ့လာပြီး လက်တွေ့နယ်ပယ်တွင်အကျိုးရှိရှိအသုံးချကာ မိသားစုဝင်ငွေတိုးပွါးရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားသည်။
ထိုနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်ဦးစီးမှူး၊မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းဂုဏ်ပြု လက်မှတ်များအား သင်တန်းသားများထံသို့ ပေးအပ်ခဲ့ပြီး သင်တန်းသားများ ကိုယ်စား သင်တန်းသား တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါအသက်မွေးဝမ်းကျောင်း အထောက် အကူပြု လက်သမားသင်တန်းသို့ ကွန်ဟိန်းမြို့နယ်အတွင်းရှိ သိန်ဖျံကျေးရွာနှင့် ပန်လျန်းကျေးရွာတို့မှ သင်တန်းသား(၂၀)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းတွင်လက်သမားနှင့်သက်ဆိုင်သည့် အသိပညာ၊ အတက်ပညာများကို ကျွမ်းကျင်နည်းပြများက စာတွေ့/လက်တွေ့ နှစ်မျိုးဖြင့် ၁လကြာ အခမဲ့သင်ကြား ပို့ချပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဟိန်းမှ သိရသည်။
မောင်ခိုင်
ရှမ်းတောင်ကျေးလက်