Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းကိုင်မြို့နယ် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး

28 September 23

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းကိုင်မြို့နယ် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး
==============================================================================
မိုင်းကိုငိ စက်တင်ဘာလ ၂၈ရက်
=========================
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ဆင်(ရှေ့) ကျေးရွာအုပ်စု၊  ဖောင်းမိန်(ဟောင်း)ကျေးရွာ၌ ကျေးလက် ရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ  ကွင်းဆင်း စစ်‌ဆေးခဲ့သည်။
 
ထိုသို့စစ်ဆေးရာတွင် မိုင်းကိုင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးခွန်ကျော်စိမ်း နှင့်  အင်ဂျင်နီယာဝန်ထမ်းများသည်   ဖောင်းမိန်( ဟောင်း )ကျေးရွာတွင် အရှည် ၂မိုင် ၄ဖာလုံရှိ စိမ့်စမ်းရေသွယ် ယူခြင်း လုပ်ငန်း၊ ရေကာတာ တည်ဆောက်ခြင်းလုပ်ငန်း နှင့် ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ကြပြီး မြို့နယ်ဦးစီးမှူးက  ‌တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
 
အဆိုပါလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်  ၅၁ ဒသမ ၅၇၉ သန်းကို အသုံးပြုကာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ဝန်ထမ်းများ၏ ကွင်းဆင်းကြီးကြပ်မှုတို့ဖြင့် တင်ဒါအောင်မြင်သည့်   ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး   ယခုအခါလုပ်ငန်းများ ၇၀ ရာခိုင်းနူန်းဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
 
 ဖောင်းမိန်ကျေးရွာတွင် အဆိုပါလုပ်ငန်းများ ရာနူန်းပြည့် ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အကျိုးပြုအိမ်ခြေ (၆၂)အိမ်၊ လူဦးရေ(၃၈၃)ဦးတို့အတွက်  သန့်ရှင်းသော သောက်သုံးရေများ ရာသီမရွေးဖူလုံစွာ မည်ဖြစ်ကြောင်း  မိုင်းကိုင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
 
 
 
 
                                                                                                                                                                                                                              မောင်ခိုင်
                                                                                                                                                                                                                       ရှမ်းတောင်ကျေးလက်