Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးနဲမြို့နယ်၊ နောင်လိုင်ကျေးရွာ၌ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ရာနူန်းပြည့် ဆောင်ရွက်ပြီးစီး

25 September 23

မိုးနဲမြို့နယ်၊ နောင်လိုင်ကျေးရွာ၌ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ရာနူန်းပြည့်  ဆောင်ရွက်ပြီးစီး
==========================================================================
မိုးနဲ စက်တင်ဘာလ ၂၅ရက်
=====================
 
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က နောင်လိုင် ကျေးရွာအုပ်စု၊  နောင်လိုင်ကျေးရွာ၌ ကျေးလက်ရေရရှိရေး လုပ်ငန်း များ ရာနူန်းပြည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ  ကွင်းဆင်းကြည့်ရှူ စစ်‌ဆေးခဲ့သည်။
 
ထိုသို့စစ်ဆေးရာတွင် မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး‌အာကာဖြိုး နှင့် အင်ဂျင်နီယာ ဝန်ထမ်းများသည်   နောင်လိုင်ကျေးရွာတွင် ဂါလံ ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်း နှင့် ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ကြပြီး  မြို့နယ်ဦးစီးမှူးက  ‌အဆိုပါကျေးရွာရှိ ရေပေးရေးကော်မတီဝင်များ၊ ကျေးရွာသူ / သားများနှင့် တွေ့ဆုံကာ ဆောင်ရွက်ပြီးသော ရေရရှိရေးလုပ်ငန်းကို
တန်ဖိုး  ထားပြီး ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။
 
အဆိုပါလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၇၀) သိန်းဖြင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ အင်ဂျင်နီယာဝန်ထမ်းများနှင့် ကျေးရွာသူ/သားများပူးပေါင်းကာ  ဩဂုတ်လ ပထမအပတ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
 
ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုကြောင့်  ယခုအခါလုပ်ငန်းများ ရာနူန်းပြည့်ပြီးစီးပြီဖြစ်၍ အဆိုပါကျေးရွာရှိ အကျိုးပြုအိမ်ခြေ (၃၃)အိမ်၊ လူဦးရေ(၁၅၃)ဦးတို့အတွက် နွေရာသီရေရှားပါးသည့်ပြသာနာများ ပြေလည်ကာ သန့်ရှင်းသော သောက်သုံးရေများ ရာသီမရွေးဖူလုံစွာ ရရှိနေပြီဖြစ်ကြောင်း သိရသည်။
 
 
 
 
                                                                                                                                                                                                                                             မောင်ခိုင်
                                                                                                                                                                                                                                      ရှမ်းတောင် ကျေးလက်