Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကွန်ဟိန်းမြို့နယ်၊ လိုက်ကမ်ကျေးရွာ၌ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ၉၀ရာခိုင်နူန်း ဆောင်ရွက်ပြီးစီး

23 September 23

ကွန်ဟိန်းမြို့နယ်၊ လိုက်ကမ်ကျေးရွာ၌ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ၉၀ရာခိုင်နူန်း ဆောင်ရွက်ပြီးစီး
===============================================================================
ကွန်ဟိန်း စက်တင်ဘာလ ၂၄ရက်
==========================
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က လိုက်ကမ်ကျေးရွာအုပ်စု၊ လိုက်ကမ်ကျေးရွာ၌ ကျေးလက်ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို စက်တင်ဘာလ ၂၃ရ က်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ အဆိုပါကျေးရွာသို့ ကွင်းဆင်းကြည့်ရှူ စစ်‌ဆေးခဲ့သည်။
 
ထိုသို့စစ်ဆေးရာတွင် ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး‌အောင်ကျော်ဟိန်း နှင့် ဝန်ထမ်းများသည်   လိုက်ကမ်ကျေးရွာတွင် အရှည် ၃မိုင် ရှိ စိမ့်စမ်းရေသွယ်ယူခြင်း နှင့် ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ကြပြီး မြို့နယ်ဦးစီးမှူးက  ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်နှင့်အညီ အချိန်မီပြီးစီးရေး အလေးထား  ဆောင်ရွက် သွားကြရန် ဆွေးနွေးမှာကြား သည်။
 
အဆိုပါစိမ့်စမ်းရေသွယ်ယူခြင်း နှင့် ဆက်စပ်လုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၅၉ ဒသမ ၅၄၃) သန်းကို အသုံးပြုကာ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ဝန်ထမ်းများ၏ ကွင်းဆင်းကြီးကြပ် မှုတို့ဖြင့် တင်ဒါအောင်မြင်သည့်  ကုမ္ပဏီတို့က ဇူလိုင်လ စတုတ္ထ အပတ်က စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည်။
 
ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုကြောင့်  ယခုအခါလုပ်ငန်းများအားလုံး၏ ၉၀ ရာခိုင်နှုန်းခန့် ‌ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး  ရာနူန်းပြည့်ပြီးစီးပြီပါက အဆိုပါကျေးရွာရှိ အကျိုးပြုအိမ်ခြေ (၁၁၁)အိမ်၊ လူဦးရေ (၅၀၁)ဦး တို့အတွက် နွေရာသီရေရှားပါးသည့်ပြသာနာများ ပြေလည်ကာ သန့်ရှင်းသော သောက်သုံးရေများ ရာသီမရွေးဖူလုံစွာ ရရှိမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
 
 
 
 
                                                                                                                                                                                                                            မောင်ခိုင်
                                                                                                                                                                                                                      ရှမ်းတောင် ကျေးလက်