ကျေးသီးမြို့နယ်၊ပန်လော့ကျိုင်းခမ်းကျေးရွာ၌ VDPစီမံကိန်းဖြင့် စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး
===============================================================================================
ကျေးသီး စက်တင်ဘာလ ၂၃ ရက်
=========================
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ရှမ်းပြည်နယ်( တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ် တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် ဝမ်ချင်ကျေးရွာ အုပ်စု၊ ပန်လော့ကျိုင်းခမ်းကျေးရွာ၌ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ဆောင်ရွက် နေ မှု အခြေအနေများကို ယနေ့နံံနက်ပိုင်းကတာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးနိုင်၊စီမံကိန်းတာဝန်ခံ နှင့် အင်ဂျင်နီယာ ဝန်ထမ်းများသည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကော်မတီ ဝင်များ နှင့်အတူ ပန်လော့ကျိုင်းခမ်းကျေးရွာ တွင် အရှည် ၇၃၀၀ပေရှိ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကျေးရွာသူ/သားများ
နှင့် တွေ့ဆုံကာ လုပ်ငန်းများ စံချိန်စံညွှန်းနှင့် အညီပြီးစီးအောင် ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။
အဆိုပါလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းပံ့ပိုးရန်ပုံငွေကျပ် (၁၅)သန်း၊ပြည်သူထည့်ဝင်ငွေကျပ်(၅ ဒသမ ၅၅)သန်း၊စုစုပေါင်းရန်ပုံငွေကျပ်(၂၀ဒသမ ၅၅)သန်းကို အသုံးပြုကာ ဦးစီးဌာနဝန်ထမ်းများ၏ နည်း ပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင် ဩဂုတ်လ ဒုတိယ အပတ်မှ စတင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်မှုကြောင့် ယခုအခါ လုပ်ငန်းအားလုံး၏ (၉၀)ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး ရာနူန်းပြည့်ပြီးစီးပါက အဆိုပါကျေးရွာရှိ အကျိုးပြုအိမ်ခြေ(၂၁)အိမ်၊လူဦးရေ(၁၀၀)ဦးတို့အတွက် သန့်ရှင်းသော သောက်ရေ သုံးရေများ ဖူလုံစွာ ရရှိမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးနိုင်ထံမှ သတင်းရရှိသည်။
မောင်ခိုင်
ရှမ်းတာင်ကျေးလက်