မိုးကောင်းမြို့နယ်ထီးချိုင့်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေး (၂၈.၉.၂၀၂၃)၇က်နေ့ထုတ် မြို့တော်သတင်းစာနှင့် (၂၉.၉.၂၀၂၃)ရက်နေ့ထုတ်ရတနာပုံသတင်းစာ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့သည့် ထီးချိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ အဌမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းကို စက်တင်ဘာ ၂၇ရက် မွန်းလွဲပိုင်းက အဆိုပါကျေးရွာခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာမိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်း က မြစိမ်းရောင်ကျေးရွာစီမံကိန်းသည် ကျေးလက်နေပြည်များဆင်းရဲမှုလျော့ကျ စေရန်၊ မိသားစုဝင်ငွေ တိုးလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် မြို့ပြနှင့်ကျေးလက်လူနေမှုအဆင့် အတန်းကွာဟမှုကို လျော့ချနိုင်စေရန်ရည်ရွယ်၍ ရန်ပုံငွေများထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ အသင်းသားအသင်းသူများအနေဖြင့် စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များနှင့်အညီ ချေးငွေရယူမည့်လုပ်ငန်များကို အမှန်တကယ်အ ကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ ရန်ပုံငွေ လေလွင့်မှုမရှိစေရန်နှင့် ကျေးလက်ဥပဒေပါပြဌာန်းချက် များကို ရှင်းလင်းပြောကြားပြီးမြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၅၇၁ သိန်းလွှဲပြောင်းပေးအပ်သည်။
ထိုနောက်မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များက ထီးချိုင့်ကျေးရွာ မှစိုက်ပျိုးရေးလုပ် ငန်း လုပ်ကိုင်သူ ဦးရေ ၇၀ဦးကို ငွေကျပ်၃၅၉ သိန်း ၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ၂၇ ဦးကို ငွေကျပ် ၁၂၄ သိန်း ၊အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၁၉ ဦးကို ငွေကျပ် ၈၈ သိန်း စုစုပေါင်းအသင်းသား၊အသင်းသူ ၁၁၆ ဦး ကို မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ်သိန်း ၅၇၁ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
(၂၉.၉.၂၀၂၃)ရက်နေ့ထုတ်ရတနာပုံသတင်းစာ စာမျက်နှာ(၁၅)ကော်လံ(၁/၂/၃/၄)တွင်ပါရှိသည်။
(၂၈.၉.၂၀၂၃)ရက်နေ့မြို့တော်သတင်းစာ စာမျက်နှာ(၈)ကော်လံ(၃/၄)တွင်ပါရှိသည်။