Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးကောင်းမြို့နယ်မြို့ဟောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေး (၂၆.၉.၂၀၂၃)ရက်နေ့ထုတ်မြို့တော်သတင်းစာ

26 September 23

 

မိုးကောင်းမြို့နယ်မြို့ဟောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေး (၂၆.၉.၂၀၂၃)ရက်နေ့ထုတ်မြို့တော်သတင်းစာ  

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ  စတင်ဆောင်ရွက်ခဲ့သည့် မြို့ဟောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ အဌမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းကို စက်တင်ဘာ ၂၃ရက် မွန်းလွဲပိုင်းက အဆိုပါကျေးရွာခန်းမ၌ ကျင်းပခဲ့ ကြောင်းသိရသည်။

ရှေးဦးစွာမိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်း က မြစိမ်းရောင်ကျေးရွာစီမံကိန်းသည် ကျေးလက်နေပြည်များဆင်းရဲမှုလျော့ကျ စေရန်၊ မိသားစုဝင်ငွေ တိုးလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် မြို့ပြနှင့်ကျေးလက်လူနေမှုအဆင့် အတန်းကွာဟမှုကို လျော့ချနိုင်စေရန်ရည်ရွယ်၍ ရန်ပုံငွေများထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ အသင်းသားအသင်းသူများအနေဖြင့် စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များနှင့်အညီ ချေးငွေရယူမည့်လုပ်ငန်များကို အမှန်တကယ်အ ကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ ရန်ပုံငွေ လေလွင့်မှုမရှိစေရန်နှင့် ကျေးလက်ဥပဒေပါပြဌာန်းချက် များကို ရှင်းလင်းပြောကြားပြီး

မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များ ရန်ပုံငွေကျပ် သိန်း၃၇၉ လွှဲပြောင်းပေးအပ်သည်။

ထိုနောက်မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များက မြို့ဟောင်းကျေးရွာ မှစိုက်ပျိုးရေးလုပ် ငန်း လုပ်ကိုင်သူ ဦးရေ ၂၅ဦးကို ငွေကျပ်၂၁၄ သိန်း ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၇ဦးကို ငွေကျပ် ၁၂၇ သိန်း ၊အ‌ရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၄ ဦးကို ‌ငွေကျပ် ၃၈ သိန်း စုစုပေါင်းအသင်းသား၊အသင်းသူ ၄၆ ဦး ကို မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ်သိန်း ၃၇၉ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

(၂၆.၉.၂၀၂၃)ရက်နေ့မြို့တော်သတင်းစာ စာမျက်နှာ(၈)ကော်လံ(၁/၂)တွင်ပါရှိသည်။