Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးကောင်းမြို့နယ်ပင်းခါးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေး (၂၆.၉.၂၀၂၃)ရက်နေ့ထုတ်ရတနာပုံသတင်းစာ

26 September 23

မိုးကောင်းမြို့နယ်ပင်းခါးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေး (၂၆.၉.၂၀၂၃)ရက်နေ့ထုတ်ရတနာပုံသတင်းစာ  

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပင်းခါး ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ နဝမ အကြိမ် မြောက် ထုတ်ချေးခြင်းကို စက်တင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက အဆိုပါကျေးရွာခန်းမ၌ ကျင်းပခဲ့ ကြောင်းသိရသည်။

ရှေးဦးစွာမိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်း က မြစိမ်းရောင်ကျေးရွာစီမံကိန်းသည် ကျေးလက်နေပြည်များဆင်းရဲမှုလျော့ကျ စေရန်၊ မိသားစုဝင်ငွေ တိုးလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် မြို့ပြနှင့်ကျေးလက်လူနေမှုအဆင့် အတန်းကွာဟမှုကို လျော့ချနိုင်စေရန်ရည်ရွယ်၍ ရန်ပုံငွေများထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ အသင်းသားအသင်းသူများအနေဖြင့် စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များနှင့်အညီ ချေးငွေရယူမည့်လုပ်ငန်များကို အမှန်တကယ်အ ကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ ရန်ပုံငွေ လေလွင့်မှုမရှိစေရန်နှင့် ကျေးလက်ဥပဒေပါပြဌာန်းချက် များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များ ထံ ရန်ပုံငွေကျပ် သိန်း၅၂၀ လွှဲပြောင်းပေးအပ်သည်။

ထိုနောက်မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များက ပင်းခါးကျေးရွာ မှစိုက်ပျိုးရေးလုပ် ငန်း လုပ်ကိုင်သူ ၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၊အ‌ရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၊ ၊အသက် မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်းအသင်းသား၊အသင်းသူ ၇၃ ဦး ကို ငွေကျပ်သိန်း ၅၂၀ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

(၂၆.၉.၂၀၂၃)ရက်နေ့ထုတ်ရတနာပုံသတင်းစာ စာမျက်နှာ(၂၅)ကော်လံ(၅/၆)တွင်ပါရှိသည်။