ရပ်စောက်မြို့နယ်၊ နောင်ဘို ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေများ (ဒုတိယ)အကြိမ်ထုတ်ချေး
======================================================================================================
ရပ်စောက် စက်တင်ဘာလ ၂၇ ရက်
===========================
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖောင်းတောကျေးရွာအုပ်စု၊ နောင်ဘိုကျေးရွာရှိ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း နှင့် မိသားစုဝင်ငွေတိုးပွား လာစေပြီး ဆင်းရဲမှုလျော့ကျစေရန် စသည့်ရည်ရွယ်ချက်များ ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေများ ( ဒုတိယ )အကြိမ် ထုတ်ချေးခြင်း ကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ အဆိုပါ ကျေးရွာ၌ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရှေးရယ်က နောင်ဘိုကျေးရွာရှိ ရပ်မိရပ်ဖများ၊ မြစိမ်းရောင် အသင်းသူ / အသင်းသားများ ၊ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင် များနှင့် တွေ့ဆုံ ပြီး မြစိမ်း ရောင် ကျေးရွာ စီမံကိန်း အကြောင်းအရာများ၊ ရည်ရွယ်ချက်များ နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခင်နှင်းသက် နှင့် ဝန်ထမ်းများက အတိုးနူန်းနှင့် ကာလသတ်မှတ်ချက်များ၊ချေးငွေပြန်လည်ထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြား ပြီး ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံသို့ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ် (၃၅၂)သိန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ထိုနောက် မြို့နယ်ဦးစီးမှူး နှင့် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက နောင်ဘိုကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း၊မွေးမြူရေးလုပ်ငန်း ၊ အရောင်းဝယ် လုပ်ငန်း နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်း အသင်းသူ/အသင်းသား ( ၈၈ )ဦးကိုအရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်(၃၅၂)သိန်းကို အတိုးနူန်းသက်သာစွာဖြင့် ထုတ်ချေးပေးခဲ့ကြောင်း ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးရှေးရယ်ထံမှ သိရသည်။
မောင်ခိုင်
ရှမ်းတောင်ကျေးလက်