Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

လဲချားမြို့နယ်၊‌နောင်မိန်းကျေးရွာ၌ လယ်ယာဧကများစွာကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုစစ်ဆေး

28 September 23

လဲချားမြို့နယ်၊‌နောင်မိန်းကျေးရွာ၌  လယ်ယာဧကများစွာကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုစစ်ဆေး

================================================================================================

 
လဲချား  စက်တင်ဘာလ   ၂၈ရက်
=========================
 
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ၊လဲချားမြို့နယ်ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က မြို့မကျေးရွာအုပ်စု၊ နောင်မိန်းကျေးရွာ၌  လယ်ယာဧကများစွာကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ  ကွင်းဆင်းစစ်ဆေးသည်။
 
ထိုသို့စစ်ဆေးရာတွင် လွိုင်လင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းနိုင်၊လဲချားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်း နှင့် အင်ဂျင်နီယာ ဝန်ထမ်း များသည် နောင်မိန်းကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေများကို  ကြည့်ရှူစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက  တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
 
အဆိုပါ‌ကျေးလက်ကုန်ထုတ်လမ်းသည်အရှည်  ၆ ဖာလုံ၊အကျယ် ၁၂ ပေ၊ ထု ၉လက်မရှိပြီး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (  ၄၀ ဒသမ ၄၂၅  )သန်းဖြင့် တင်ဒါအောင်မြင်သည့် လာဘ်ရွှင်(  တောင်ကြီး  ) ကုမ္ပဏီက  ဇွန်လ  စတုတ္ထ အပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါလုပ်ငန်းများအားလုံး၏ ၉၀ ရာခိုင်နူန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး  ရာနူန်းပြည့် ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာရှိ အကျိုးပြုအိမ်ခြေ(၄၃၀)၊ လူဦးရေ (၂၂၈၇)ဦး ၏  လယ်ယာဧကများမှ ထွက်ရှိသည့် စပါးနှင့် အခြားသော စိုက်ပျိုးသီးနှံများ စျေးကွက်အတွင်းသို့ ကုန်ကျစရိတ်သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်မည် ဖြစ်ကြောင်း လွိုင်လင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ   ခရိုင်ဦးစီးမှူး ဦးသန်းနိုင် ထံမှ သိရသည်။
 
 
 
 
 
 
                                                                                                                                                                                                                                      မောင်ခိုင်
                                                                                                                                                                                                                               ရှမ်းတောင်ကျေးလက်