Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဆီဆိုင်မြို့နယ်၊ နန်းဩကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့် ထုတ်ချေးခြင်း အခမ်းအနား ကျင်းပ

29 September 23

ဆီဆိုင်မြို့နယ်၊ နန်းဩကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့် ထုတ်ချေးခြင်း အခမ်းအနား ကျင်းပ

======================================================================================================
ဆီဆိုင် စက်တင်ဘာလ ၂၉ ရက်
========================
 
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး‌‌ ရေးဝန်ကြီးဌာန ၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ပင်စုံကျေးရွာ အုပ်စု၊‌ နန်းဩကျေးရွာကို စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့် ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ အဆိုပါကျေးရွာ၌ ကျင်းပခဲ့ ကြောင်း သိရသည်။
 
ပထမဦးစွာ ဆီဆိုင်မြို့နယ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဆန်းဦးက အဖွင့်အမှာ စကားပြောကြားသည်။
 
 
ဆက်လက်၍ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထျာရယ်က မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ ၊ အကျိုး ကျေးဇူးများနှင့် ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားကာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက နန်းဩ ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်း အဖွဲ့ဝင်များထံသို့ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် သိန်း (၃၀၀)အား လွှဲပြောင်းပေးအပ်ခဲ့သည်။
 
 ထိုနောက် အခမ်းအနားသို့ တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်း အဖွဲ့ဝင်များနှင့် အတူ နန်းဩ ကျေးရွာရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်၊ တစ်နိူင်တစ်ပိုင် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများတိုးချဲလုပ်ကိုင်နိုင်ရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်သိန်း (  ၃၀၀  ) အား ကျေးရွာရှိစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရောင်းအဝယ်လုပ်ငန်း လုပ်ကိုင် မည့် စုစုပေါင်း အသင်းသူ/သား (၁၀၃)ဦးကို ပထမ အကြိမ်မြောက် အတိုးနူန်းသက်သာစွာဖြင့် ထုတ်ချေးပေးခဲ့ကြောင်း ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထျာရယ် ထံမှ သိရသည်။
 
 
 
 
 
 
                                                                                                                                                                                                                         ဦးမောင်ခိုင်

                                                                                                                                                                                                                 ရှမ်းတောင် ကျေးလက်