Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရှမ်းပြည်နယ်(တောင်ပိုင်း)ရွာငံမြို့နယ်၊ တပ်ကုန်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုစစ်ဆေး

28 September 23

ရှမ်းပြည်နယ်(တောင်ပိုင်း)ရွာငံမြို့နယ်၊ တပ်ကုန်းကျေးရွာ၌   ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုစစ်ဆေး

======================================================================================

 
ရွာငံ အောက်တိုဘာလ ၂၇ ရက်
========================
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ရွာငံမြို့နယ်ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ် ခွင့်ပြုရန်ပုံငွေများဖြင့် ကျန်တော ကျေးရွာအုပ်စု ၊တပ်ကုန်းကျေးရွာ၌  ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက ဒေသဦးစီးမှူးနှင့် တာဝန်ရှိသူများက အဆိုပါ ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
 
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူး ဦးသီဟန်လင်း ရွာငံမြို့နယ်ဦးစီးမှူး ဦးသိန်းမြတ်ထိုက်၊စီမံကိန်းတာဝန်ခံ နှင့် အင်ဂျင်နီယာ ဝန်ထမ်းများ သည် တပ်ကုန်းကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေများကို  ကြည့်ရှူစစ်ဆေးပြီး ဒေသဦးစီးမှူး က  တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ဆွေးနွေးမှာ ကြား သည်။
 
အဆိုပါ‌ကျေးလက်ကုန်ထုတ်လမ်းသည်အရှည် ၁မိုင် ၊အကျယ် ၁၂ ပေ၊ ထု ၉လက်မရှိပြီး ပြည်‌နည်ခွင့်ပြုရန်ပုံငွေကျပ် (၄၃)သန်းကို အသုံးပြုကာဦးစီးဌာန အင်ဂျင်နီယာဝန်ထမ်းများနှင့် ကျေးရွာသူ/သားများကိုယ်တိုင် ၂၀၂၃ခုနှစ်   ဩဂုတ်လ စတုတ္ထအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာယခုအခါလုပ်ငန်းများ ၅၀ ရာခိုင်နူန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
 
တပ်ကုန်းကျေးရွာတွင် အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းနှင့် ဆက်စပ်လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အကျိုးပြုအိမ်ခြေ၊( ၁၇၈ )အိမ်၊လူဦးရေ ( ၇၃၂ )ဦး၏ လယ်ယာဧက ၆၀၀ ကျော်မှ ထွက်ရှိသည့် လယ်ယာ ထုတ်ကုန် ၊ထွက်ကုန်များစျေးကွက်အတွင်းသို့ ကုန်ကျစရိတ်သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်မည် ဖြစ်ကြောင်း  မြို့နယ်ဦးစီးမှူး  ရွာငံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
 
 
 
 
 
 
                                                                                                                                                                                                                                    မောင်ခိုင်
                                                                                                                                                                                                                           ရှမ်းတောင် ကျေးလက်