လွိုင်လင်မြို့နယ်၊ဒုံတဖြူကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ် ဘီးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
============================================================================================
လွိုင်လင် စက်တင်ယဘာလ ၂၅ ရက်
=========================
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊လွိုင်လင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောင်နောက်ကျေးရွာအုပ်စု၊ဒုံတဖြူ ကျေးရွာ၌ ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်း နှင့် ဆိုလာ ရေသန့်စင်စက် တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ လွိုင်လင်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်မင်းထိုက်၊ဦးစီးအရာရှိ (နည်းပညာ)ဒေါ်အိသီရိနွယ် နှင့် တာဝန်ခံ အင်ဂျင်နီယာဝန်ထမ်းများသည် ဒုံတဖြူ ကျေးရွာ၌ အရှည် ၁၃၀၀ပေ၊အကျယ် ၃ပေ၊ဒု ၄လက်မရှိ ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း နှင့် ဆိုလာ ရေသန့်စင်စက် တပ်ဆင်နေမှု အခြေအနေများကို ကြည့်ရှူ့စစ်ဆေးပြီး ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်
များနှင့် တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီအချိန်မီပြီးစီးရေး ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို မြို့နယ်ဦးစီးမှူးမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဒုံတဖြူကျေးရွာ၌ အဆိုပါ ကျေးရွာတွင်း ကွန်ကရစ် ဘီးလမ်းခင်းခြင်းနှင့် ဆိုလာ ရေသန့်စင်စက် တပ်စင်ခြင်း လုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ( VDP ) ပံ့ပိုးရန်ပုံငွေကျပ် ( ၁၅ )သန်း ၊ကျေးရွာပြည်သူ လူထုထည့်ဝင်ငွေ (၂ဒသမ၈)သန်း ကို အသုံးပြုကာ ဦးစီးဌာနဝန်ထမ်းများ၏ ကွင်းဆင်းကြီးကြပ်မှု၊နည်းပညာပံ့ပိုးမှု၊အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင် ဩဂုတ်လ စတုတ္ထအပတ်မှ စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများအားလုံး ၅၀ ရာခိုင်းနူန်း ခန့်ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း လုပ်ငန်းများရာနူန်းပြည့် ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာရှိ ကျေးလက်နေ ပြည်သူများအတွက် လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေ လွယ်ကူချော့မွေ့ပြီး သန့်ရှင်းသော သောက်ရေ/သုံးရေများ ဖူလုံစွာ ရရှိမည်ဖြစ်ကြောင်း လွိုင်လင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
မောင်ခိုင်
ရှမ်းတောင်ကျေးလက်