Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကွမ်းခြံကုန်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၁၆)ခု အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း

02 October 23

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၃ခုနှစ် ဘဏ္ဍာရေးနှစ်တွင် စက်တင်ဘာ(၂၉)ထိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၁၆)ခု မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

          ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စက်တင်ဘာ (၂၉) ရက်က တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနေဝင်းက မြို့နယ်ရုံးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံကာ မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ မြို့နယ်များ အချိန်မီပြီးစီးရေးဆောင်ရွက်သွားရန် ရှင်းလင်း ပြောကြားသွားရန် ပြောကြားခဲ့ပြီး ဒုတိယ (၃)လပတ်အတွင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းစာရင်းဇယားများကို စစ်ဆေးသည်။

          ကွမ်းခြံကုန်းမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကျေးလက်ကုန်ထုတ်လမ်း (၁)ခု၊ Box Culvert (၂)စင်း လုပ်ငန်း(၁)ခုနှင့် ကျေးလက်ရေပေးရေးလုပ်ငန်း (၁၄)ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။