သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်၌ ဆောင်ရွက်မည့် စပါယ်ချောင်ကျေးရွာနှင့် အရှေ့တံခွန်တိုင်ကျေးရွာတို့တွင် လယ်ယာထွက် ကုန်ပစ္စည်းများကို ဈေးကွက်သို့ အချိန်နှင့်တစ်ပြေးညီ တင်ပို့ရောင်းချနိုင်ရေး ကုန်ထုတ်ဂဝံလမ်း ဖောက်လုပ်မည့်နေရာများကို သန်လျင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဒေါ်စိုးစိုးမြင့်၊ သုံးခွမြို့နယ် ကျေးလက်ဦးစီးမှူး ဒေါ်ခင်နှင်းချို၊ တာဝန်ခံ အင်ဂျင်နီယာတို့က စက်တင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီတွက် မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေခဲ့ပါသည်။