ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာ၌ ဂါလံ(၂၄၀၀)ဆံ့စင်မြင့်ရေစင်တည်ဆောက်ခြင်းနှင့်ကုန်ထုတ်လမ်းဆောင်ရွက်နေမှုကွင်းဆင်း
ရက်စွဲ ၊ ၂၆.၉.၂၀၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနသည် ကေျးလက်ဒေသများတွင် ကုန်ထုတ်လမ်းများ ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးမွေးမြူသူများနှင့် ဈေးကွက်ကို ချိတ်ဆက်ပေးနိုင်ခြင်း၊ ကျေးရွာပြင်ပဝန်းကျင်ရှိ ကုန်စည်ဒိုင်များနှင့် ပိုမို လက်လှမ်းမီချိတ်ဆက်နိုင်စေခြင်း၊ ပျက်စီးလွယ်သော ကောက်ပဲသီးနှံများ၊ သယ်ယူပို့ဆောင်ချိန်တွင် ပျက်စီးဆုံးရှုံးမှုလျော့နည်းစေခြင်းနှင့် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခြင်းများတွင် အချိန်ကုန် သက်သာစေခြင်းစသော အထောက်အကူများရရှိစေရန် ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ဆောင်ရွက်ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ဖရဲကျေးရွာ အနောက်ခြမ်းကုန်ထုတ်လမ်း၊ဂါလံ(၂၄၀၀)ဆံ့စင် မြင့်ရေစင်) တည်ဆောက်နေမှုအခြေအနေများကို (၂၆.၉.၂၀၂၃)ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်း နှင့်ဝန်ထမ်းများကကျေးရွာမှသက်ဆိုင်ရာ ကော်မတီဝင် များနှင့်အတူ ဖရဲကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများနှင့် စင်မြင့် ရေစင်တည်ဆောက်ထားရှိမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးပြီး သတ်မှတ်ကာလ အတွင်းလုပ်ငန်းများ အားလုံးစံချိန်စံညွှန်းပြည့်မီစွာဆောင်ရွက်ရေး သတ်မှတ်အတိုင်းအတာများ ပြည်မီရေးတို့ကိုအလေးထား ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။
သနပ်ပင်မြို့နယ် ဖရဲကျေးရွာ၌ ပြည်ထောင်စုရန်ပုံငွေကျပ် (၂၃၇.၀၂၄)သန်းဖြင့် လမ်းအရှည် (၈၁၅၀')ဖြင့်ဆောင်ရွက်ရာ မြေသာဖို့ခြင်းလုပ်ငန်းအား အပိုင်း(၂)ပိုင်းခွဲ၍ဆောင်ရွက် ခြင်းဖြစ်ပြီး ပထမမြေသားအပိုင်းတွင် လမ်းအရှည် (၁၅၀၀'×၁၈'×၁')နှင့် ဒုတိယမြေသားအပိုင်းတွင် လမ်းအရှည်(၆၆၅၀'×၁၈'×၂')ဖြင့်ဆောင်ရွက်မည်ဖြစ်ပြီး ဂဝံခင်းခြင်းလုပ်ငန်းအား (၈၁၅၀’×၁၂'×၉") ဖြင့်လည်းကောင်း၊ ဂါလံ(၂၄၀၀)ဆံ့စင်မြင့်ရေစင် တည်ဆောက်ခြင်း လုပ်ငန်းမှာ ပြည်ထောင်စု(မူလ) ရန်ပုံငွေကျပ်(၂၅.၀)သန်းဖြင့် ဆောင်ရွက်ဆဲဖြစ်ပြီး အဆိုပါလုပ်ငန်းနှစ်ခုအား V-JAT ကုမ္ပဏီမှ တာဝန်ယူ၍ ၂၀၂၃ခုနှစ် ဇွန်လဒုတိယအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းနှစ်ခုပေါင်း (၃၇ရာခိုင်နှုန်း) ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။