Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

“သံတွဲမြိုနယ် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သော ရွှေလှေခေတ်မီစံပြကျေးရွာ အိမ်တိုင်ရာရောက်ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းနှင့် ရွာတွင်းလမ်းပေါ်တွင် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းဆောင်ရွက်ခြင်း”

30 September 23

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သံတွဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရွှေလှေခေတ်မီစံပြကျေးရွာတွင် ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ရွာသစ်ပိုင်း အိမ်တိုင်ရာရောက်ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းနှင့် ပြည်နယ်ရန်ပုံငွေဖြင့် ရွာတွင်းလမ်းပေါ်တွင် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအား (၂၈.၉.၂၀၂၃)ရက်နေ့၌ သံတွဲခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဦးအောင်သိန်းထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းတာဝန်ခံအဖွဲ့နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးထွန်းသန်းဇော်၊ စီမံကိန်းတာဝန်ခံတို့သည် ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း၊ ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံ၍ မိမိတို့ကျေးရွာ၌ ယခုကဲ့သို့ ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းအရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေးအတွက် ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူ/သားများအနေဖြင့် ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။