Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

“မင်းပြားမြို့နယ် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် လုပ်အားခပေး ဖွံ့ဖြိုးရေးစီမံကိန်း (Cash For Work ) ဆောင်ရွက်မည့် ကျေးရွာများ၌ ကျေးရွာကော်မတီဖွဲ့စည်း”

29 September 23

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မင်းပြားမြိုနယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်  ၂၀၂၃-၂၀၂၄  ခု ဘဏ္ဍာရေးနှစ်တွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်သော လုပ်အား ခပေးဖွံ့ဖြိုးရေးစီမံကိန်း (Cash For Work ) စီမံကိန်းကို မင်းပြားမြို့နယ်တွင် ကျေးရွာ(၁၃)ရွာ၌ ဆောင်ရွက်သွားမည် ဖြစ်ပြီး စီမံကိန်းဆောင်ရွက်မည့် ခေါင်းလောင်းရွာဟောင်း၊ သာစည်ကုန်း(ရေငံဆည်)၊ ကေသလာလက်ဝါခတ် ကျေးရွာများ တွင်  စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ဖွဲ့စည်း ခြင်းများကို ကျေးရွာသူ/သားများ၏ သဘောဆန္ဒနှင့်အညီ မြို့နယ်ဦးစီးမှူး၊ ဦးမောင်မောင်သိန်းနှင့် တာဝန်ခံဝန်ထမ်းများသည် (၂၈-၉-၂၀၂၃) ရက်နေ့တွင်        ဖွဲ့စည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။