တောင်ကုတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ကြည်၊ လက်ထာက်ညွှန်ကြားရေးမှူး မှာ မြစိမ်းရောင်စီမံကိန်းတာဝန်ခံ ဝန်ထမ်းများနှင့်အတူ စက်တင်ဘာလ ၂၆ ရက်နေ့က ပေါက်ပြင်ကျေးရွာအုပ်စု၊ ပေါက်ပြင်ကျေးရွာသို့ ကျေးရွာမြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှု ကော်မတီပြန်လည် ဖွဲ့စည်းရန် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
အဆိုပါကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း (၆) နှစ်တာကာလ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး ကျေးရွာကော်မတီသက်တမ်း(၃) နှစ်ပြည့်မြောက်ပြီဖြစ်ပါ၍ ကျေးရွာသူ/သားများမှ မဲစနစ်ဖြင့် ရွေးချယ်ကာ ကော်မတီအသစ် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိပါသည်။