Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဖားကန့်မြို့နယ်နန့်စန်း(၁)ကျေးရွာအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ(၂၄.၉.၂၀၂၃ ရက်နေ့နံနက်(၉)နာရီမြဝတီရုပ်မြင်သံကြားသတင်း)

24 September 23

ဖားကန့်မြို့နယ်နန့်စန်း(၁)ကျေးရွာအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ(၂၄.၉.၂၀၂၃ ရက်နေ့နံနက်(၉)နာရီမြဝတီရုပ်မြင်သံကြားသတင်း)

ဖားကန့် စက်တင်ဘာ  ၂၁

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာနှစ်တွင် လုံးခင်းကျေးရွာအုပ်စု နန့်စန်း(၁)ကျေးရွာတွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း    စီမံကိန်း(VDP) ဖြင့် ဘက်စုံသုံးကျေးရွာခန်းမဆောင် ဆောက်လုပ် နိုင်ရန်အတွက် အဆိုပါ စီမံကိန်းရန်ပုံ ငွေကျပ်သိန်း ၁၅၀ လွှဲပြောင်းပေးအပ်ပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းကဖားကန့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမမှာ ကျင်းပခဲ့သည်။

ပထမဦးစွာ ဖားကန့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးဝေထွန်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းVDP ဆိုင်ရာအကြောင်းအရာများ ၊ စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ရသည့် ရည်ရွယ်ချက်များကို အသေးစိတ်ရှင်းလင်းပြောကြားရာ တက် ရောက်လာကြသည့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များကသိရှိလိုသည့်မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်၍ ဖားကန့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးဝေထွန်းက လုံးခင်းကျေးရွာအုပ်စု နန့်စန်း(၁)ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) ဖြင့် ဘက်စုံသုံးကျေးရွာခန်းမဆောင် ဆောက်လုပ် နိုင်ရန်အတွက် စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၅၀ အားလွှဲပြောင်းပေးအပ်ခဲ့သည်။

အခမ်းအနားကို ဖားကန့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးဝေထွန်း ၊စီမံကိန်းတာဝန်ခံနှင့်ဝန်ထမ်းများ ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) နန့်စန်း(၁)ကျေးရွာမှကျေးရွာကော်မတီဝင်များနှင့်  ဖိတ်ကြားထားသူများတက်ရောက်ကြကြောင်း သိရသည်။

(၂၄.၉.၂၀၂၃)ရက်နေ့နံနက်(၉)နာရီ မြဝတီရုပ်သံ  ပြည်တွင်းသတင်းတွင်ပါရှိသည်။