Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

“ဘူးသီးတောင်မြို့နယ် အမျိုးသားသဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်သော လုပ်အားခပေး ဖွံ့ဖြိုးရေးစီမံကိန်း (Cash For Work )ဆောင်ရွက်မည့် ကျေးရွာများ၌ ကျေးရွာကော်မတီဖွဲ့စည်း”

27 September 23

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ဘူးသီးတောင်မြိုနယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့်  ၂၀၂၃-၂၀၂၄  ခု ဘဏ္ဍာရေးနှစ်တွင် အမျိုးသားသဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံ ငွေဖြင့် ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်သော လုပ်အားခပေးဖွံ့ဖြိုးရေးစီမံကိန်း (Cash For Work ) ဖြင့် ‌မြေသား ရေကန်တာဘောင်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် သိန်းတန်(ရခိုင်)ကျေးရွာ ၊ကျိန်ကျောင်ကျေးရွာ၊ သာဇီကျေးရွာ ၊ စက်ခေါ်ကျေးရွာ ၊စံညှင်းဝေ(ရခိုင်)ကျေးရွာ များဖြစ်သည့် ကျေးရွာ (၅) ရွာတွင်  စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း နှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်းကို မြို့နယ်ဦးစီးမှူး ဦးဦးထွန်းလှိုင် နှင့် တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများသည် (၂၆-၉-၂၀၂၃) ရက်နေ့ နှင့် (၂၇-၉-၂၀၂၃) ရက်နေ့တို့တွင် ကျေးရွာသူ/သားများ၏ အများသဘောဆန္ဒနှင့်အညီ အမျိုးသားသဘာဝဘေး ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်သော လုပ်အားခပေးဖွံ့ဖြိုးရေး စီမံကိန်း (Cash For Work ) ကော်မတီဝင်များအား အဆိုပါကျေးရွာများတွင်  ဖွဲ့စည်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။