ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း(VDP)စီမံကိန်းဖြင့် ဆောင်ရွက်သော ညောင်ချောင်းကျေးရွာအုပ်စု၊ ဇီးခုံကျေးရွာ ကျေးရွာတွင်းလမ်း ကွန်ကရစ် ခင်းခြင်း (၃၈၀’x၁၀’x၆’’)လုပ်ငန်းအား မြို့နယ်ဦးစီးမှူး၊ ဦးထွန်းလင်းကျော်နှင့် သက်ဆိုင်ရာ စီမံကိန်းတာဝန်ခံများမှ သတ်မှတ်စချိန်စံညွှန်းပြည့်မီစေရန်အတွက် စက်တင်ဘာလ (၂၆) ရက် နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ညောင်ချောင်းကျေးရွာအုပ်စု၊ ဇီးခုံကျေးရွာ ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်း (၃၈၀’ x ၁၀’ x ၆’’)လုပ်ငန်းအား နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်သန်း(၅.၀၀)နှင့် ပြည်သူ ထည့်ဝင်ငွေ ကျပ်(၁.၅)သန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကော်မတီမှ စီမံခန့်ခွဲပြီး၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများဖြင့် နည်းပညာအကူအညီပံ့ပိုးကာ အနီးကပ်စောင့်ကြည့်၍ စက်တင်ဘာလ (ပထမ)အပတ်မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် (၈၀%) ပြီးစီးဖြစ်ပါသည်။