Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

“မြောက်ဦးခရိုင် ခရိုင်ဦးစီးမှူး မှ မင်းပြားမြို့နယ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းဆောင်ရွက်ခြင်း”

27 September 23

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မင်းပြားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အား ကျေးရွာ(၇)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ နရမ်းအုပ်စု၊ ကံရွာကျေးရွာတွင် ကျေးရွာတွင်းလမ်း  ကွန်ကရစ်ဘီလမ်းခင်းခြင်း ၂( ၅၁၀’ _ ၃.၅’ _ ၆” ) လုပ်ငန်းအား နိုင်ငံတော်ထောက်ပံ့ငွေ (၁၂.၀၀) သန်းနှင့် ပြည်သူ့ထည့်ဝင်ငွေ (၂.၀၀)သန်းတို့ဖြင့် ကျေးရွာကော်မတီဦးဆောင်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ လုပ်ငန်းများ (၅၀%)ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင်းလမ်း ကွန်ကရစ်ဘီးလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက် နေမှုအား မြောက်ဦးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ၊ ဦးကျော်ညွန့်၊ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) အဖွဲ့နှင့် မင်းပြားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီ:မှု ၊ ဦးမောင်မောင်သိန်း၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကံရွာကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကော်မတီဝင်များနှင့် တွေ့ဆုံ၍ လုပ်ငန်း  အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မှီပြီးစီးနိုင်ရေး တို့အတွက် ကျေးရွာကော်မတီ၊ ကျေးရွာသူ/သားများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။