ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် အတွင်းပြင်ကျေးရွာ ကျေးရွာတွင်း ကွန်ကရစ် ဘီးလမ်းခင်းခြင်းလုပ်ငန်း ၂ (၈၀၀'x၂'-၆"x ၀'-၆") နှင့် တရောင်းကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်း - ၂ (၈၅၀'x၂'-၆"x၀'-၆") ဆောင်ရွက်နေမှုအခြေ အနေများကို ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံဝန်ထမ်း များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ ကွင်းဆင်းရာတွင် ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းအား သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီအချိန်မီပြီးရေး ကြိုပမ်းဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်ချက်များကိုလည်း ကျေးရွာကော်မတီဝင်များကို မှာကြးခဲ့ပါသည်။
ရမ်းဗြဲမြို့နယ်၊ အတွင်းပြင်ကျေးရွာတွင် ကွန်ကရစ်ဘီးလမ်းခင်ခြင်းနှင့် ဆိုလာရေသန့်စင်စနစ် လုပ်ငန်းများအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေ (၁၅.၀၀) ကျပ်သန်းနှင့် ပြည်သူထည့်ဝင်ငွေ (၁.၅၁) ကျပ်သန်းဖြင့်လည်းကောင်း၊ တရောင်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေ (၁၅.၀၀) ကျပ်သန်းနှင့် ပြည်သူထည့်ဝင်ငွေ (၁.၃၁) ကျပ်သန်းတို့ဖြင့် ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာဝန်ထမ်းများက နည်းပညာပံ့ပိုးကူညီကာ ကျေးရွာပြည်သူ လူထုကိုယ်တိုင် စက်တင်ဘာလ ၃ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ( ၅၀ %) ပြီးစီးပြီးဖြစ် ကြောင်း သိရှိ ရပါသည်။