Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပြင်ဦးလွင်မြို့ နောင်လှိုင်ကျေးရွာတွင် မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းခြင်း

27 September 23

ပြင်ဦးလွင်မြို့ နောင်လှိုင်ကျေးရွာတွင် မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းခြင်း

ပြင်ဦးလွင်  စက်တင်ဘာ ၂၇

          ပြင်ဦးလွင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇေယျာညို၊ ပြင်ဦးလွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထိုက်၊  ခရိုင်နှင့် မြို့နယ်ရှိ တာဝန်ခံအင်ဂျင်နီယာများမှ  ပြင်ဦးလွင်မြို့နယ် နောင်လှိုင်ကျေးရွာအုပ်စု၊ နောင်လှိုင် ကျေးရွာ တွင် မြေသားရေကန် တူးဖော်ဆောင်ရွက်နေမှုအား  ယနေ့နံနက်ပိုင်းအချိန်က  သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ပြင်ဦးလွင်မြို့နယ် နောင်လှိုင်ကျေးရွာအုပ်စု၊ နောင်လှိုင်ကျေးရွာရှိ မြေသားရေကန်တူးဖော် ဆောင်ရွက်ခြင်းလုပ်ငန်းအား ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ (၁၉.၈)သန်းဖြင့် ပြင်ဦးလွင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

          ဆက်လက်၍ ခရိုင်ဦးစီးမှူး ဦးဇေယျာညိုမှ လုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပြီး သတ်မှတ်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။