Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြို့သစ်မြို့နယ် ကံကြီးတောင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ဒုတိယအကြိမ်ထုတ်ချေး

27 September 23

မြို့သစ်မြို့နယ် ကံကြီးတောင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ဒုတိယအကြိမ်ထုတ်ချေး
=====================================================================
မြို့သစ်      စက်တင်ဘာ       ၂၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆီထွက်သီးနှံစိုက်ပျိုးသောတောင်သူများ အတိုးနှုန်းသက်သာသည့်ငွေကြေးအရင်းအနှီးရရှိစေရန်အတွက် ကံကြီးတောင်ကျေးရွာ ၌ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ချေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာစုရပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သူဇာလွင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ အတိုးဆပ်ကာလ၊ အရင်းဆပ်ကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များ၊ ဆီထွက်သီးနှံစိုက်ပျိုးသော စီမံကိန်းအသင်းဝင်တောင်သူများ လိုက်နာရန်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေကျပ်သိန်းတစ်ရာကို ကံကြီးတောင်ကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် ကံကြီးတောင်ကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များကကျေးရွာရှိ ဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူ လေးဆယ် ဦးအား ငွေကျပ်သိန်းတစ်ရာကို ငွေတစ်ရာကျပ်လျင် အတိုးနှုန်း ပြားငါးဆယ်ဖြင့် စနစ်တကျ ထုတ်ချေးပေးပြီး အဆိုပါအရင်းအနှီးငွေများဖြင့် ဆီထွက်သီးနှံနေကြာများ စိုက်ပျိုးထားရှိမှုကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆီထွက်သီးနှံစိုက်ပျိုးသောတောင်သူများ အတိုးနှုန်းသက်သာသည့် ငွေကြေးအရင်းအနှီးရရှိစေရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ကို ဆောင်ရွက်ပေးရခြင်းဖြစ်ပြီး ကံကြီးတောင်ကျေးရွာ၌ အဆိုပါစီမံကိန်းရန်ပုံငွေများဖြင့် ဆီထွက်သီးနှံ ၂၄ ဒသမ ၅ ဧက စိုက်ပျိုးထားကြောင်း မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။