Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တနင်္သာရီမြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(ပဉ္စအကြိမ်)ချေးငွေထုတ်ချေးပေး

26 September 23

တနင်္သာရီ စက်တင်ဘာ ၂၅

          တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆင်ခြေဖုံးကျေးရွာအုပ်စု၊ စတိန်တောင်ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(ပဉ္စမအကြိမ်) ချေးငွေထုတ်ချေးပေးခြင်းကို စက်တင်ဘာ ၅ ရက်နံနက်ပိုင်းက ပြုလုပ်ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာ(နည်ပညာ)ဒေါ်သူဇာမိုးက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့်ရန်ပုံငွေထုတ်ချေးပေး ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စတိန်သောင်ကျေးရွာ မတည်ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင် များထံ ရန်ပုံငွေကျပ် ၉၉၅၀၀၀၀ ကို လွှဲပြောင်းပေးအပ်သည်။

          ထို့နောက် စတိန်သောင်ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းကော်မတီက ယင်းကျေးရွာရှိ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ ၁၃ ဦးအတွက် ငွေကျပ် ၈၂၅၀၀၀၀ ၊မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၃ ဦးအတွက် ငွေကျပ် ၁၇၀၀၀၀၀ အား မတည်ရန်ပုံငွေ ထုတ်ချေးပေးကြောင်းသိရသည်။