သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မင်းပြားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိပြီး မိသားစု ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (လျှပ်စစ်ဝါယာရိန်း) သင်တန်းကို ဖွင့်လှစ် သင်ကြားပို့ချပေးလျှက်ရှိကြောင်း သိရှိရသည်။
အဆိုပါသင်တန်းကို မင်းပြားမြို့နယ်ကျေးရွာများမှ သင်တန်းသား(၂၀)ဦးဖြင့် (၇-၉-၂၀၂၃) ရက်နေ့မှ (၂၆-၉-၂၀၂၃) ရက်နေ့ထိ သင်တန်းနည်းပြများက လျှပ်စစ်ဝါယာရိန်းနည်းပညာ၊ လျှပ်စစ် ဘေးအန္တရာယ်သဘောတရားများကို စာတွေ့၊ လက်တွေ့ သင်ထောက်ကူပစ္စည်းစုံလင်စွာဖြင့် မင်းပြား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဦးစီးဌာနရုံး၌ အခမဲ့သင်ကြားပို့ချ ပေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။