လပွတ္တာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာတွင် ရေသန့်စင်စနစ်ဆောင်ရွက်ထားရှိမှုအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဆောင်သော အဖွဲ့မှ ( ၇.၉.၂၀၂၃ )ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ လုပ်ငန်းလိုအပ်သည်များအား တာဝန်ယူဆောင်ရွက်သည့် ကုမ္ပဏီသို့ မှာကြားခဲ့ပါသည်။
အဆိုပါကျေးရွာသည် ရေသန့်စင်စနစ်ဆောင်ရွက်ခြင်းဖြင့် သန့်ရှင်းသောသောက်သုံးရေကို ဖူလုံစွာ ရရှိသဖြင့် ဒေသတွင်း ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများ တိုးတက်လာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။