Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးညှင်းမြို့နယ် အာဠာဝီကျေးရွာ၌ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းရာနှုန်းပြည့် ပြီးစီးနေမှုစစ်ဆေး (၂၃.၉.၂၀၂၃ ရက်နေ့ ရတနာပုံသတင်းစာ)

23 September 23

မိုးညှင်းမြို့နယ် အာဠာဝီကျေးရွာ၌ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းရာနှုန်းပြည့် ပြီးစီးနေမှုစစ်ဆေး (၂၃.၉.၂၀၂၃ ရက်နေ့ ရတနာပုံသတင်းစာ)  

မိုးညှင်း စက်တင်ဘာ ၂၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အာဠာဝီကုန်း ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေမှုကို စက်တင်ဘာ ၂၁ ရက်နံနက် ပိုင်းက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။ 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း မိုးညှင်းမြို့နယ်ဦးစီးမှူး ဦးဌေးမြင့် နှင့် စီမံကိန်းတာဝန်ခံ တာဝန်ခံဂျင်နီယာ တို့နှင့် အတူအာဠာဝီကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်း လမ်းသွယ်(၉)တွင် ကွန်းကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး က ဆောင်ရွက်ပြီးလုပ်ငန်းများကို အကျိုးရှိရှိအသုံးချရန် နှင့်ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်း သိမ်းစောင့်ရှောက်ကြရန် မှာကြားသည်။

အာဠာဝီကုန်းကျေးရွာတွင်အရှည်ပေ ၁၂၀၀ အကျယ် ၁၂ ပေ နှင့် အမြင့် ၆ လက်မရှိကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ပံ့ပိုး ရန်ပုံငွေကျပ် သိန်း ၁၅၀ ကျေးရွာထည့်ဝင်ငွေကျပ်သိန်း ၇၅၀ စုစုပေါင်းငွေကျပ်သိန်း ၉၀၀ အသုံးပြုကာ ဦးစီးဌာန မှ နည်းပညာပံ့ပိုးမှုဖြင့် ဇူလိုင်လပထမပတ်မှစတင်၍ ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

(၂၃.၉.၂၀၂၃)ရက်နေ့ ထုတ်ရတနာပုံသတင်းစာ စာမျက်နှာ(၁၅)ကော်လံ(၁/၂/၃/၄)တွင်ပါရှိသည်။