Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သရက်ချောင်းမြို့နယ် အိမ်ရှေ့ပြင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများစစ်ဆေး

22 September 23

စက်တင်ဘာလ ၁၉

          တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်အခြားမိသားစုဝင်ငွေတိုး စီးပွားရေး လုပ်ငန်းများ ဆောာင်ရွက်နိုင်စေရန်ရည်ရွယ်၍ အိမ်ရှေ့ပြင်ကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သရက်ချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်များက  မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ အိမ်ရှေ့ပြင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်နေမှု၊ငွေစာရင်းပုံစံတကျဖြည့်သွင်းထားခြင်း ရှိ၊မရှိနှင့်စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက် များအတိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်က မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ရေရှည်တည်တံ့စေရေးအတွက် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

          အိမ်ရှေ့ပြင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ မြစိမ်းရောင်ကျေးရွာစီမံကိန်း ပထမအကြိမ်အဖြစ် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ စုစုပေါင်း အသင်းသားအသင်းသူ ၅၆ ဦးကို အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၂၉၇ သိန်းထုတ်ချေးပေးထားကြောင်း သရက်ချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။