ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စီမံကိန်း လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ကျေးရွာ (၇)၌ အကောင်အထည်ဖော် ဆောင်ရွက် နေသည့် စီမံကိန်းကျေးရွာများဖြစ်သည့် ဇိုင်ချောင်းကျေးရွာ၊ဆ/ကျွန်းချောင်ကျေးရွာ၊ ကျွိန်းပြိန် ကျေးရွာ၊ညောင်ပြိန်ကျေးရွာ၊ပြိုင်းတောကျေးရွာ၊ ဆနွင်းနံပြိန်ကျေးရွာ၊ ကျောက်တောင်ပြိန်ကျေးရွာ များအနက် ဇိုင်ချောင်းကျေးရွာ ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်း( ၇၀၀ '× ၉ '×၆' ) လုပ်ငန်းအား နိုင်ငံတော်ထောက်ပံ့ငွေကျပ်(၁၅.၀၀)သန်း၊ပြည်သူထည့်ဝင်ငွေ(၂.၀)သန်းစုစုပေါင်း(၁၇.၀၀ ) သန်း ဖြင့် လုပ်ငန်းဆောင်ရွက်နေမှုအား (၂၂.၉.၂၀၂၃) ရက်နေ့တွင် မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းနိုင် နှင့် တာဝန်ခံ အင်ဂျင်နီယာတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကော်မတီဝင်များမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေအားရှင်းပြ၍ မြို့နယ်ဦးစီးမှူး ခေါင်းဆောင်သော အဖွဲ့မှ နည်းပညာလိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ရွာတွင်းလမ်းကွန်ကရစ် ခင်းခြင်း လုပ်ငန်းများပြီးစီးပါက လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်လာခြင်း၊စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ထုတ်ကုန်/သွင်းကုန်များ ဆောင်ရွက်ရာ၌ ကုန်ကျစရိတ်သက်သာခြင်း၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု အလေ့အထများ ဖွံ့ဖြိုးလာခြင်း၊ ကျား၊ မ တန်းတူညီမျှသောအလေ့အကျင့် များ ဖွံ့ဖြိုးလာခြင်း၊ နည်းပညာ ဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းဖွံ့ဖြိုးလာမည်ဖြစ်သည့်အပြင် အဆိုပါကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ပြီးစီးပါက အိမ်ထောင်စု (၇၂)စု၊ လူဦးရေ(၂၉၉)ဦး တို့၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။