သံတွဲခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃ - ၂၀၂၄ ခုဘဏ္ဍာရေးနှစ် တွင် သံတွဲမြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကျေးရွာ(၆) ရွာ အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိရာ တံခွန်တိုင်ကျေးရွာ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းနှင့် ရေသန့်စင် စက်တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့အား ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်အိထွေးဝင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးထွန်းသန်းဇော် နှင့် ဝန်ထမ်းများမှ (၁၇-၉-၂၀၂၃) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
သံတွဲမြို့နယ်၊ တံခွန်တိုင်ကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် အကောင် အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်း(၃၃၀'×၁၀'×၆") နှင့် ရေသန့် စင်စက် (၁)လုံး တပ်ဆင်ခြင်းလုပ်ငန်းတို့အား နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ (၁၅.၀၀)ကျပ်သန်း၊ ပြည်သူထည့်ဝင်ငွေ (၁.၁၀)ကျပ်သန်းတို့ဖြင့်ဆောင်ရွက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ နည်းပညာများထောက်ပံ့ပေးပြီး ကျေးရွာသူ/သားများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းတင်းရရှိပါသည်။