ရသေ့တောင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကြီးမှူး၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်း ဆပ်ပြာရည်၊ ခေါင်းလျှော်ရည် ထုတ်လုပ်ခြင်းသင်တန်းရှိ သင်တန်းသူများက ဆပ်ပြာရည် ထုတ်လုပ်ခြင်းကို စက်တင်ဘာ ၂၁ ရက် ရသေ့တောင်မြို့နယ် ကျေးလက်ဦးစီးမှူး ဦးတင်မောင်ဦး၊လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ)နှင့် အဖွဲ့က ကြီးကြပ်၍ သင်တန်းသူများလုပ်ငန်းတက်ကျွမ်းစေရန် ဆောက်ရွက်ပေးကာ မြို့နယ်ဦးစီးမှူးက သင်တန်းများကို ရှင်းလင်းပြောကြခဲ့ပါသည်။
ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းရရှိရန်နှင့် မိသားစုဝင်းငွေတိုးပွားလာစေရန်ရည်ရွယ်ပြီး လူသုံးကုန်ပစ္စည်း ဆပ်ပြာရည်၊ ခေါင်းလျှော်ရည် ထုတ်လုပ်ခြင်းသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပြီး အဆိုပါသင်တန်းသို့ သင်တန်းသူ(၂၆)ဦး၊သင်တန်းသား(၃)ဦး၊ စုစုပေါင်း ၂၉ တက်ရောက်လျှက်ရှိပြီး သင်တန်းအား ၄.၉.၂၀၂၃)ရက်နေ့မှ ၂၃.၉.၂၀၂၃) ရက်နေ့ထိဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။