ရခိုင်ပြည်နယ် ၊ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဦးထွန်းလှိုင် နှင့် တာဝန်ခံ အင်ဂျင်နီယာဝန်ထမ်းများ၊စီမံကိန်းလုပ်ငန်းတာဝန်ခံများက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) လုပ်ငန်း ဆောင်ရွက်နေသည့် ကျေးရွာ (၇) ရွာအနက်မှ ပြင်ရှည်ကျေးရွာ ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်း နှင့် ကြာညိုပြင် ကျေးရွာ ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း တို့ကို (၂၂-၉-၂၀၂၃) ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့သည် ပြည်ရှည်ကျေးရွာနှင့် ကြာညိုပြင်ကျေးရွာ သို့ရောက်ရှိပြီး ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ကော်မတီဝင်များနှင့်တွေ့ဆုံကာ အရည်အသွေးပြည့်ဝပြီး အချိန်မှီပြီးစီး နိုင်ရေးအတွက် ကျေးလက်ဦးစီးဌာနမှ ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျေးရွာကော်မတီဝင် များမှလည်း အခက်အခဲများရှိပါက ကျေးလက်ဦးစီးဌာနသို့ သတင်းပို့ဆောင်ရွက်သွားရန် ပြောကြားခဲ့ပါ ကြောင်းသတင်းရရှိသည်။