Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးညှင်းမြို့နယ် အာဠာဝီကျေးရွာ၌ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းရာနှုန်းပြည့် ပြီးစီးနေမှုအခြေအနေများ အား ခရိုင်ဦးစီးမှူး မှ ကွင်းဆင်းစစ်ဆေး(၂၂.၉.၂၀၂၃ ရက်နေ့ နံနက်(၉)နာရီမြဝတီရုပ်သံသတင်း)

22 September 23

မိုးညှင်းမြို့နယ် အာဠာဝီကျေးရွာ၌ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းရာနှုန်းပြည့် ပြီးစီးနေမှုအခြေအနေများ အား ခရိုင်ဦးစီးမှူး မှ ကွင်းဆင်းစစ်ဆေး(၂၂.၉.၂၀၂၃ ရက်နေ့ နံနက်(၉)နာရီမြဝတီရုပ်သံသတင်း)  

မိုးညှင်း စက်တင်ဘာ ၂၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ်သော အာဠာဝီ ကျေးရွာ လမ်းသွယ်(၉)တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေမှုအခြေအနေ များကို စက်တင်ဘာ ၂၁ ရက်နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူများမှ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြ ကြောင်း သိရသည်။ 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုးညှင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း မြို့နယ်ဦးစီးမှူး ဦးဌေးမြင့် နှင့် တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့် တွေ့ဆုံကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေကျပ် သိန်း ၁၅၀ နှင့် ပြည်သူလူထုမှထည့်ဝင်ငွေကျပ်သိန်း ၇၅၀ စုစုပေါင်းငွေကျပ်သိန်း ၉၀၀ ဖြင့် ဇူလိုင်လ ပထမပတ်မှစတင်ဆောင်ရွက်ခဲ့သည့် လမ်းအရှည်ပေ ၁၂၀၀ အကျယ် ၁၂ ပေ နှင့် ထု ၆ လက်မ ရှိ ကွန်ကရစ်လမ်းကို ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါကွန်ကရစ်လမ်းခြင်းလုပ်ငန်းတွင် စက်ယန္တယားနှင့် နည်းပညာများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပြီး ၎င်းလမ်းကိုတက္ကသိုလ်လမ်းမကြီးမှတဆင့် အိုးအိမ်-မြို့ရှောင်- အဝေးပြေးကားကြီးကွင်းထိ ဆက်စပ်လျှက်ရှိကြောင်း သိရသည်။

 (၂၂.၉.၂၀၂၃)ရက်နေ့ မြဝတီရုပ်သံသတင်း နံနက်(၉ )နာရီ ပြည်တွင်း သတင်းတွင်ပါရှိသည်။