ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ပေးခြင်း လုပ်ငန်း (RBF) စီမံကိန်းကို ရဟိုင်ကွင်းကျေးရွာတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက် လျှက်ရှိရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများက သက်မွေး ဝမ်းကျောင်းအဖွဲ့များ၏ ကွမ်းစိုက်ပျိုးထားရှိမှုလုပ်ငန်းများ၊ ဝက်မွေးမြူရေးလုပ်ငန်း များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
အဆိုပါ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ပေးခြင်းလုပ်ငန်း (RBF) စီမံကိန်းတွင် စီမံကိန်းရန်ပုံငွေကျပ်သိန်း (၃၀၀) နှင့် အစုအဖွဲ့များမှ ထည့်ဝင်ငွေ ကျပ်သိန်း (၁၀၀) ၊ စုစုပေါင်း ကျပ်သိန်း (၄၀၀)ဖြင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းများဆောင်ရွက် လျှက်ရှိကြောင်းသတင်းရရှိသည်။