ဖားကန့်မြို့နယ်နန့်စန်း(၂)ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး
ဖားကန့် စက်တင်ဘာ ၁၇
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ လုံးခင်းကျေးရွာအုပ်စု နန့်စန်း(၂)ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဒသမအကြိမ်မြောက်ထုတ်ချေးခြင်းကို စင်တင်ဘာ ၁၇ ရက်နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာဖားကန့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးဝေထွန်း၊ စီမံကိန်း တာဝန်ခံ နှင့် ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ရခြင်း၏ အကျိူး ကျေးဇူးများ ၊စီမံကန်း ဝိသေသများ ၊စီမံကိန်းအကြောင်းအရာများ ၊အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ ၊ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးကနန့်စန်း(၂)မြစိမ်းရောင်ကေျးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ငွေကျပ် သိန်း ၅၄၀ ကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက်နန့်စန်း(၂)ကျေးရွာမြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက နန့်စန်း(၂)ကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၃၆ ဦး ၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၇ ဦး၊အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၄ ဦး နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၂ ဦး စုစုပေါင်းအသင်းသား၊အသင်းသူ ဦးရေ ၅၉ ကို မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ်သိန်း ၅၄၀ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
(၁၇.၉.၂၀၂၃)ရက်နေ့ညနေ(၆)နာရီ မြဝတီရုပ်သံ ပြည်တွင်းသတင်းတွင်ပါရှိသည်။