Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြစ်ကြီးနားမြို့နယ် မော်ဖောင်းနယ်မြေ(၈)ကျေးရွာ၌ Smart Village စီမံကိန်းဆောင်ရွက်နေမှု စစ်ဆေး

16 September 23

 ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မော်ဖောင်းနယ်မြေ (၈) ကျေးရွာတွင် Smart Village စီမံကိန်းဆောင်ရွက်နေမှုကို စက်တင်တင်ဘာ ၁၄ ရက်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်း ကချင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော် နှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်  Smart Village စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်သည့် မော်ဖောင်းနယ်မြေ(၈)ကျေးရွာတွင် ကျေးရွာကွန်ကရစ်လမ်း၊ သဲကျောက်လမ်းခင်းခြင်း၊ စက်ရေတွင်းတူးဖော်ခြင်း၊ စာကြည့် တိုက်တည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး မြစ်ကြီးနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေသူရိန်စိန်လှက လုပ်ငန်းဆောင်ရွက်ထားရှိမှုကို လိုက်လံရှင်းလင်းပြသသည်။

မြစ်ကြီးနားမြို့နယ် မော်ဖောင်းနယ်မြေ(၈)ကျေးရွာတွင် Smart Village စီမံကိန်းလုပ်ငန်းများဖြစ်သည့် ကျေးရွာကွန်ကရစ်လမ်း အရှည်ပေ ၂၄၀၀၊ အကျယ် ၁၂ ပေ၊ အမြင့် ခုနှစ်လက်မကို ငွေကျပ် ၁၆၁ ဒသမ ၆ သန်းဖြင့် ဇွန် ၁၆    ရက်တွင် ဆောင်ရွက်ခဲ့ရာ ယခုအခါ ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ သဲကျောက်လမ်း အရှည်ပေ ၃၅၅၀၊ အကျယ် ၁၂ ပေ၊ အမြင့် ကိုးလက်မကို ငွေကျပ် ၁၂၀ ဒသမ ၃ သန်းဖြင့် ဧပြီ ၁၅ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ  လုပ်ငန်းများ ၉၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊  စက်ရေတွင်းတူးဖော်ခြင်းကို ငွေကျပ် ၇၆ ဒသမ ၈ သန်းဖြင့်  ဇွန် ၂၉ ရက် က  စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လု ပ်ငန်းများ ၆၅ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း၊  ကျေးရွာစာကြည့်  တိုက်ကို ငွေကျပ် ၃၆ ဒသမ ၂၅ သန်းဖြင့် ဇွန် ၅ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၅၀ ရာခိုင်နှူန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။