Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ခရမ်းတွင်ရေကန်ခြံစည်းရိုးကာရံခြင်းစစ်ဆေး

19 September 23

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ရေကန်ခြံစည်းရိုးကာရံခြင်း၊ ရေပေးဝေရေးလုပ်ငန်း၊ စက်ရေတွင်း တူးဖော်ခြင်း၊ အမြင့်တင်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကြာထုံးကျေးရွာ နှင့် ညောင်လန်းလေးကျေးရွာတို့၌ ရေကန်သန့်ရှင်းသာယာလှပစေရန် ရေကန်ခြံစည်းရိုးကာရံခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မြို့နယ် ဦးစီးမှူး ဒေါ်ထားထားနိုင်နှင့် ဝန်ထမ်းအဖွဲ့တို့ စက်တင်ဘာ ၁၅ရက် မွန်းလွဲ၁နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။