Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြို့သစ်မြို့နယ် သန်းကုန်းကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်နေမှုစစ်ဆေး

17 September 23

မြို့သစ်မြို့နယ် သန်းကုန်းကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်နေမှုစစ်ဆေး
==============================================
မြို့သစ်     စက်တင်ဘာ      ၁၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သန်းကုန်းကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအခြေအနေကို တာဝန်ရှိသူများက နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မ‌ကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ)ဒေါ်မြသက်ထွေးနှင့် မြို့သစ်မြို့နယ်မှ အင်ဂျင်နီယာဝန်ထမ်းများသည် တင်ဒါရကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ကုန်ထုတ်လမ်းအရှည် နှစ်မိုင် လမ်းအကျယ် ၁၂ ပေ လမ်းအမြင့် တစ်ပေ ၉ လက်မ အောက်ခံလွှာကျောက်ရောမြေခင်းခြင်းနှင့် မြေနီကျောက်ရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ)က  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၁၀၃ ဒသမ ၅၆၁ သန်းဖြင့် သန်းကုန်းကျေးရွာကုန်ထုတ်လမ်းခင်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ရွှေပန္နက် ကုမ္ပဏီက တာဝန်ယူ၍ ယခုနှစ်ဇွန်လ ၁၈ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၆၅ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါကုန်ထုတ်လမ်းအား အားထားအသုံးပြုနေသော သန်းကုန်းကျေးရွာနှင့် ပတ်ဝန်ကျင်ရှိကျေးရွာများမှ ဒေသထွက်ကုန် သီးနှံမျိုးစုံကို ရာသီမရွေး ဈေးကွက်သို့အချိန်မီတင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့သစ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။