Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စလင်းမြို့နယ် ဒေါင့်ဘိုးကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းလက်တွေ့ သင်ကြားနေမှုစစ်ဆေး

19 September 23

စလင်းမြို့နယ် ဒေါင့်ဘိုးကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းလက်တွေ့ သင်ကြားနေမှုစစ်ဆေး
======================================================================================

စလင်း         စက်တင်ဘာ          ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်အတွက် ဒေါင့်ဘိုးကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လက်တွေ့သင်ကြားနေမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်နှင့် တာဝန်ရှိသူများသည် ဒေါင့်ဘိုးကျေးရွာ ၌ ဖွင့်လှစ်လျက်ရှိသည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လက်တွေ့သင်ကြားနေမှုအခြေ အနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက သင်တန်းသူများအား တွေ့ဆုံ၍ အခြေခံစက်ချုပ်ခြင်းဆိုင်ရာ ပညာရပ်များအား သင်တန်းကာလ ပြီးမြောက်သည်အထိ ကြိုးစားသင်ယူကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။

အဆိုပါသင်တန်းကို စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ တစ်လကြာ စာတွေ့လက်တွေ့ဖြင့် အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး ဒေါင့်ဘိုးကျေးရွာ၊ ညောင်ပင်လယ်ကျင်းကျေးရွာနှင့် ဒီးဒုတ်ပင်ကျေးရွာတို့မှ သင်တန်းသူ ၃၀ ဦးတက်ရောက်သင်ယူလျက်ရှိကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။