မြိတ် စက်တင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခု ဘဏ္ဍာနှစ်တွင် ကျောက်ဖျာကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ပံ့ပိုးရန်ပုံငွေဖြင့် ကျေးရွာ တွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက တာဝန်ရှိ သူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာတွင်း လမ်းဖြစ်မြောက်ရေး ကော်မတီများနှင့်အတူ ကျောက်ဖျာကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက် နေမှုကို ကြည့်စစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများ၊ကျေးရွာကော်မတီဝင်များနှင့် တွေ့ ဆုံကာ လုပ်ငန်းများသတ်မှတ်ကာလအတွင် စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီဲးစီးရေး၊သတ်မှတ် အတိုင်းအတာ ပြည့်မီရေးတို့ကို အလေးထားကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာ၌ ယခုဘဏ္ဍာနှစ်တွင်အရှည်ပေ ၄၂၀၊အကျယ် ၁၂ ပေ၊ အမြင့် ၆လက်မရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ပံ့ပိုးရန်ပုံ ငွေကျပ်သိန်း ၁၅၀ နှင့်ပြည်သူလူထုလုပ်အား ထည့်ဝင်မှုကိုဖြင့် မြိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများက နည်းပညာပံ့ပိုးကူညီကာ ကျေးရွာပြည်သူလူထုကိုယ်တိုင် စက်တင်ဘာ ၉ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၄၀ ရာခိုင်နှုန်း ကျော်ပြီးစီးပြီဖြစ်ကြောင်း၊ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီးပါက ကျောက်ဖျာကျေးရွာရှိ အိမ်ခြေ ၄၃၃ အိမ်၊လူ ၂၂၂၅ဦးတို့၏ သွားလာရေးလွယ်ကူအဆင် ပြေမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက ပြောပြ၍ သိရသည်။