Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်နှင့် အဖွဲ့ မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာခန်းမအဆင့်မြှင့်တင်ခြင်း၊ ကုန်ထုတ်လမ်းမြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းနှင့် Green house တည်ဆောက်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

15 September 23

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်နှင့် အဖွဲ့ မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာခန်းမအဆင့်မြှင့်တင်ခြင်း၊ ကုန်ထုတ်လမ်းမြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းနှင့် Green house တည်ဆောက်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

 

ပဲခူးတိုင်း                                                                                                                                                                                                                                                                                    ၁၂.၉.၂၀၂၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ ရေးဦးစီးဌာနသည် မဲခေါင်-လန်ချန်းနိုင်ငံများအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးအတွက် ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်မှစတင်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် (Innitiative For Establishment of Innovative Model on Village Level Poverty Reduction among LMC Countries) ဆောင်ရွက်မည့် စီမံကိန်း(၂)နှစ်တာကာလဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ဒုတိယနှစ်စက်ဝန်းအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ပဲခူးတိုင်းဒေသကြီး ကျေးလက်‌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်၊ မဲခေါင်-လန်ချန်း နိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်း စီမံကိန်းရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကျေးရွာခန်းမအဆင့်မြှင့်တင်ခြင်း၊ ကျေးလက်သက်မေွး စီးပွားဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်း(RBF)လုပ်ငန်းများအား ကုန်ထုတ်လမ်း မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းနှင့် Green house(၆)လုံး တည်ဆောက်ပြီးစီးမှုအခြေအနေများအား တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်နှင့်အဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အဆိုပါ Green House များတွင် ငရုတ်နှင့်ခရမ်းချဉ်သီးပင်များ စိုက်ပျိုးသွားမည်ဖြစ်သည်။Green house  စနစ်ဖြင့် စိုက်ပျိုးခြင်းအားဖြင့်  အပင်ကြီးထွားမှုအတွက်  လိုအပ်သော အကောင်းဆုံးရာသီဥတု အခြေအနေများကို ဖန်တီးနိုင်ခြင်း၊ ပွင့်လင်းလယ်ကွင်းတွင် စိုက်ပျိုးခြင်းထက် အပင်များကို ပိုမိုကြီးထွားနိုင်ခြင်း၊ ပိုးမွှားများကဲ့သို့သော ပြဿနာများကို ကာကွယ်ပေးနိုင်ခြင်းနှင့် ရာသီ အလိုက်မဟုတ်ဘဲ တစ်နှစ်ပတ်လုံးစိုက်ပျိုးစိုက်ပျိုးထုတ်လုပ်နိုင်ခြင်းများ စသည့် အကျိုးကျေးဇူး များရရှိသည့်အပြင်  သီးနှံအထွက်နှုန်းကောင်းခြင်း၊ ဈေးကွက်ရရှိခြင်း၊ ပိုးမွှားများကင်းစင်ခြင်း၊ ရာသီဥတုဒဏ်ခံနိုင်ခြင်းတို့ကြောင့် ကျေးလက်နေပြည်သူများအတွက် အကျိုးကျေးဇူးများ စွာရရှိစေမည်ဖြစ်ပါသည်။