Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တံတားဦးမြို့နယ် အုတ်ကျွတ်ဖိုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းလုပ်ငန်းအဖွဲ့အသစ်ပြန်လည်ဖွဲ့စည်း

15 September 23

ံတားဦးမြို့နယ် အုတ်ကျွတ်ဖိုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းလုပ်ငန်းအဖွဲ့အသစ်ပြန်လည်ဖွဲ့စည်း

 

တံတားဦး၊စက်တင်ဘာ ၁

 

မန္တလေးတိုင်းဒေသကြီး၊တံတားဦးခရိုင်၊တံတားဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦး စီးဌာနက ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့်မိသားစုဝင်ငွေတိုးပွားခြင်းဖြင့် ကျေးလက်ဒေသများတွင် ဆင်းရဲမှုလျော့ချနိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအသစ်အဖွဲ့ ပြန်လည်ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက အုတ်ကျွတ်ဖိုကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။

                   ရှေးဦးစွာ တံတားဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် စီမံကိန်း တာဝန်ခံ ဦးစီးအရာရှိ ဒေါ်ဟန်စုနိုင် ကမြစိမ်းရောင်ကျေးရွာစီမံကိန်း ရည်ရွယ်ချက်များ ၊စီမံကိန်း လုပ်ငန်းစဉ်များရှင်းလင်းခြင်း၊ ကျေးရွာလုပ်ငန်းအဖွဲ့အား ဖွဲ့စည်းရွေးချယ်ရသည့် စည်းကမ်း ချက်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်များ၊ ရပိုင် ခွင့်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့်ပတ်သက်၍ ဥပဒေပါအချက်များအား ကျေးရွာသူ၊ ကျေးရွာ သားများ လိုက်နာ ကျင့်သုံးနိုင်ရန်ချပြရှင်းလင်းပြီး ကျေးရွာသူ၊ ကျေးရွာသားများအပေါ် မြို့နယ်စီမံကိန်း တာဝန်ခံ က  ပြန်လည်ဆွေးနွေးဖြေကြားသည်။

                   ထိုနောက် အုတ်ကျွတ်ဖိုကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင် အသစ်(၉)ဦးအားကျေးရွာသူ၊ကျေးရွာသားများက ဆန္ဒမဲပေးစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ ကြောင်း သိရ သည်။ အုတ်ကျွတ်ဖို​ကျေးရွာတွင် မြစိမ်း​​​ရောင်​ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့အသစ်ပြန်လည်ဖွဲ့စည်းပြီး Digital  Mobile  Financial pyament   စနစ်ဖြင့် အဌမအကြိမ်​မြောက်         အသင်းသား ၁၅၁ ဦး အားပြန် လည် ထုတ်​ချေးနိုင်​ရေး ​ဆောင်ရွက်လျှက်ရှိပါ​ကြောင်း တံတားဦးမြို့နယ်​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှစီမံကိန်းတာဝန်ခံ ​ဒေါ်ဟန်ဆုနိုင်ဦးစီးအရာရှိ​ပြောပြ၍သိရသည်။