Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရခိုင်ပြည်နယ် စစ်တွေမြို့ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း ရန်ပုံငွေလွှဲပြောင်းပွဲ အခမ်းအနား နှင့် အမျိူးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေ ဖြင့်ဆောင်ရွက်မည့် လုပ်အားပေးဖွံ့ဖြိုးရေးစီမံကိန်း (Cash For Work)ဖွင့်ပွဲပခန်းအနား

15 September 23

ရခိုင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ကွပ်ကဲမှုအောက်ရှိ စစ်တွေခရိုင်၊ စစ်တွေမြို့နယ် ကျားမသောက်ကျေးရွာများ တွင်ဆောင်ရွက်မည့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း(RBF) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား နှင့် အမျိူးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေ ဖြင့်ဆောင်ရွက်မည့် လုပ်အားပေးဖွံ့ဖြိုးရေးစီမံကိန်း (Cash For Workမ)မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနား သို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဦးမောင်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ဒေါ်မီမီထွေး ညွှန်ကြားရေးမှူး(ရုံးချုပ်)၊ ပြည်နယ်ဦးစီးမှူး ဦးချစ်မောင် ခရိုင်ဦးစီးမှူး ဦးစောဝေ၊ ဒုတိယညွှန်ကြားရေးမှူး၊ မြို့နယ်ဦးစီးမှူးနှင်မြို့နယ် တာဝန်ရှိ သူများ၊ သင်တန်းသား/သင်တန်းသူများ ကျေးရွာသူ/သားများ တက်ရောက်ခဲ့ ကြောင်းသိရှိရပါသည်။

အဆိုပါခမ်းအနားကို(၁၅.၉.၂၀၂၃) ရက်နေ့(၉း၀၀)ချိန်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ၁၀◌း၀၀နာရီ အချိန်တွင် အခမ်းအနားပြီးဆုံးကြောင်းသိရှိရပါသည်။ ဒုတိယညွှန်ကြားရေးမှူးနှင့်အဖွဲ့မှာ ကျားမသောက်ကျေးရွာရှိ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေဖြင့်ဆောင်ရွက်လျှက်ရှိသော အခြေခံပညာဦးစီးဌာန (အ.ထ.က)ကျားမသောက်ကျေးရွာ ဆရာ/ဆရာမ နားနေဆောင် ဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးပြီး၊ ကျေးလက်ဦးစီးဌာမှ ဆောင်ရွက်ထားရှိသော သန့်ရှင်းသော သောက်သုံးရေရရှိမှုဆောင်ရွက်ထားရှိသော Life Straw သောက်ရေသန့်တပ်ဆင်ထားရှိမှု၊ ကျောင်းသင်ပုန်းများ တပ်ဆင်ထားရှိမှုအား ကြည့်ရှုဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ပါ ကျားမသောက်ကျေးရွာတွင် တွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေဖြင့် တစ်ပိုင်တစ်နိုင် ဆောင်ရွက်လျှက်ရှိသော ရက္ကန်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုလည်း လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။